MCEA / အကြောင်း

အကြောင်း


MCEA အကြောင်း

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ကွန်ပျူတာအသုံးပြုမှုများ မရှိမဖြစ်လိုအပ်လာသည့်အတွက် နိုင်ငံတော်၏ကွန်ပြူတာဖွံ့ဖြိုးရေးဥပဒေကို၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်တွင်ပြဌာန်းခဲ့ပြီး မြန်မာနိုင်ငံဖွံဖြိုးရေးကောင်စီကိုလည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောင်ရေးအဖွဲ့၏အမိန်ကြော်ငြာစာ အမှတ် (၂၈/၂၉) ဖြင့် ၁၉၉၆ ခုနှစ် စက်တင်ဘာလ (၂၁) တွင်စတည်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ထို့အပြင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥပဒေအမှတ် - ၃/၉၈ ဖြင့်ကွန်ပျူတာပညာဖွံ့ဖြိုးရေး ဥပဒေအား ပြင်ဆင်သည့်ဥပဒေကို ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်တွင်ထုတ်ပြန်ကြေငြာခဲ့ပြီး ထိုဥပဒေနှင့် အညီ မြန်မာနိုင်ငံကွန်ပျူတာပညာ ဖွံ့ဖြိုးရေးကောင်စီကိုလည်းနိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ၏ အမိန်ကြော်ငြာစာအမှတ် ၂၄/၉၈ ဖြင့် ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နှင့် ကွန်ပျူတာအသင်းများဖြစ်မြောက်ရေးကော်မတီကိုလည်း ဖွဲ့စည်းခဲ့သည်။ကွန်ပျူတာပညာဖွံ့ဖြိုးရေးဥပဒေကို ပုဒ်မ ၁၀ အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ ကွန်ပျူတာ ဝါသနာရှင်များ၊ ကွန်ပျူတာပညာရပ်လေ့လာနေသူများကို စုစည်း၍ပညာရှင်ကျင့်ဝတ်ကိုလေးစားလိုက်နာသော အသိုက်အဝန်းထွန်းကားလာရေးအတွက် အမြတ်အစွန်းကို မရည်ရွယ်သည့်အစိုးရမဟုတ်သော အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း (Myanmar Computer Enthusiasts Association) ကို ဖွဲ့စည်းခဲ့သည်။

တည်ထောင်သူ
အဖွဲ့ဝင်များ
MCEA
Myanmar Computer Enthusiasts Association